Chian Kheh

ကိုယ်ဟာအနာဂတ်မဲ့သူပါ
အတောင်တွေကြွေနေတဲ့ ငှက်ပမာ
ကိုယ်ဟာ ဘာမှအသုံးမဝင်တာ
မင်းလေးနဲ့မတန်ပါဘူး

နင်ဟာမနက်ခင်းအလင်းရောင်လို
ပုံဖော်စ ပန်းချီကားတစ်ချပ်လို
နင်ဟာ အနာဂတ်လှသူမို့
ပြန်စဉ်းစားပါ အချစ်လေး

နင့်အတွက် ငါမကောင်းခဲ့နိုင်ဘဲ
ငါ့အတွက် ဘာကြောင့်စွန့်လွှတ်လဲ
မမှားသေးခင်နောက်လှည့်နိုင်သေးတယ်
အရင်လိုငါတစ်ယောက်တည်းဘဲ

စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့
ကံမကုန်ရင်ပြန်ဆုံဦးမှာဘဲ
မပျော်နိုင်တောင်အခက်အခဲမဲ့သောဘဝမျိုးဘဲ
မင်းရွေးလိုက်ပါတော့ကွယ်
စိတ်ဖြောင့်ဖို့အတွက်မှာနေလည်း
ငါကိုယ်တိုင်ကြေကွဲရဆဲ
ပြန်ဆုံနိုင်အောင်ဆုတောင်းရင်းဘဲ
အပြီးသတ်နှုတ်ဆက်ပါတယ်
စိတ်ဖြောင့်ဖြောင့်နဲ့ဘဲ ချန်ခဲ့

ယုံကြည်ခဲ့ခြင်းများအလွဲမှာ
အချိန်တွေကုန်အောင်မင်းဘဝအား
ကိုယ်ဟာဖြိုဖျက်ခဲ့သူပါ
မင်းခွင့်မလွှတ်ပါနဲ့လား
ကံကိုအပြစ်ပြောလည်းမထူးခြား
နင်ငိုနေရတာ ငါ့ကြောင့်ပါ
ရင်နာစရာတွေသုံးပြီးမေ့လိုက်
သတိရဖို့ကြုံလာတိုင်း

စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့
ကံမကုန်ရင်ပြန်ဆုံဦးမှာဘဲ
မပျော်နိုင်တောင်အခက်အခဲမဲ့သောဘဝမျိုးဘဲ
မင်းရွေးလိုက်ပါတော့ကွယ်
စိတ်ဖြောင့်ဖို့အတွက်မှာနေလည်း
ငါကိုယ်တိုင်ကြေကွဲရဆဲ
ပြန်ဆုံနိုင်အောင်ဆုတောင်းရင်းဘဲ
အပြီးသတ်နှုတ်ဆက်ပါတယ်
စိတ်ဖြောင့်ဖြောင့်နဲ့ဘဲ ချန်ခဲ့

နင့်အတွက် ငါမကောင်းခဲ့နိုင်ဘဲ
ငါ့အတွက် ဘာကြောင့်စွန့်လွှတ်လဲ
မမှားသေးခင်နောက်လှည့်နိုင်သေးတယ်
အရင်လိုငါတစ်ယောက်တည်းဘဲ

ကံမကုန်ရင်ပြန်ဆုံဦးမှာဘဲ
မပျော်နိုင်တောင်အခက်အခဲမဲ့သောဘဝမျိုးဘဲ
မင်းရွေးလိုက်ပါတော့ကွယ်
စိတ်ဖြောင့်ဖို့အတွက်မှာနေလည်း
ငါကိုယ်တိုင်ကြေကွဲရဆဲ
ပြန်ဆုံနိုင်အောင်ဆုတောင်းရင်းဘဲ
အပြီးသတ်နှုတ်ဆက်ပါတယ်
စိတ်ဖြောင့်ဖြောင့်နဲ့ဘဲ ချန်ခဲ့



Credits
Writer(s): Htain Zaw
Lyrics powered by www.musixmatch.com

Link