Yuu Thu Bawa

မျက်လုံးများမှိတ်နေညအချိန်
ငါ့စိတ်တို့မိုးပေါ်မှာနား
သွေးစက်တို့ကျနေတဲ့တိမ်
အိမ်ရှေ့လမ်းမှာ
မခြောက်သွေ့နိုင်တော့ဘူး
အဆက်အစပ်မရှိခဲ့နိုင်တဲ့ကဗျာ
စာလုံးပေါင်းများမှားနေတာလား
လက်နက်များစူးနေတဲ့နေရာ
ဝမ်းမနည်းတော့ပါ
အခုညယံမှာ... နား...
အိုး...
အညိုရောင် အတိတ်တွေ
လွင့်မြောကာ ဝဲရစ်ဆဲ
ဆင်ခြေများစွာ
ငါပေးရင်လက်ခံနိုင်မလား
ငါငိုကြွေး ရင်ပူဆွေး
ဒီမှာတော့ အချိန်ကုန်ခဲ့ပြီ
ငါသေဆေးဖော်စပ်ရင်း
ဒီနေရာအား အဆိပ်တွေသာပြည့်နေ
မီးခိုးများငါ့ကိုခေါ်သွား
နှလုံးသားထဲရှနေတာ
ပျောက်ဖို့မလွယ်သေးပါ
မှုန်ရီဝါး ဗီဇများ
ရေး... ဟေး... အေး.အေး.အေး
အညိုရောင် အတိတ်တွေ
လွင့်မြောကာ ဝဲရစ်ဆဲ
ဆင်ခြေများစွာ
ငါပေးရင်လက်ခံနိုင်မလား
ငါငိုကြွေး ရင်ပူဆွေး
ဒီမှာတော့ အချိန်ကုန်ခဲ့ပြီ
ငါသေဆေးဖော်စပ်ရင်း
ဒီနေရာအား အဆိပ်တွေသာပြည့်နေ



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link