Yue Thu Bawa

မျက်လုံးများမှိတ်နေညချိန်
ငါ့စိတ်တို့မိုးပေါ်မှာနား
သွေးစက်တို့ကျနေတဲ့တိမ်
အိမ်ရှေ့လမ်းမှာ မခြောက်သွေ့နိုင်တော့ဘူး...
အူး ဝူး ဝူး...
အဆက့အစပ်မရှိနေတဲ့ ကဗျာ
စာလုံးပေါင်းများ မှားနေတာလား
အလင်းတန်းများစူးနေတဲ့နေရာ
ငါမနေတော့ပါ
အခုည ဘယ်မှာနား... နား
အို ဝိုး...
အညိုရောင် အတိတ်တွေ
လွင့်မျောကာ ဝဲယစ်ဆဲ
ဆင်ခြေများစွာ ငါပေးရင် လက်ခံနိုင်မလား
ငါ ငိုကြွေးရင်း ပူဆွေး
ဒီမှာတော့ အချိန်ကုန်ခဲ့ပီ
ငါ မသေဆေး ဖော်စပ်ရင်း
ဒီနေရာက အဆိပ်တွေသာ ပြည့်နေ...
အို ဝိုး ဝိုး... ဝိုး
မီးခိုးများ ငါ့ကိုခေါ်သွား
နှလုံးသား ရှနေတာ ပျောက်ဖို့မလွယ်သေးပါ
မှုန်ရီဝါး ဒီစာများ ရေး ဟေး ရေး...
အညိုရောင် အတိတ်တွေ
လွင့်မျောကာ ဝဲရစ်ဆဲ
ဆင်ခြေများစွာ ငါပေးရင် လက်ခံနိုင်မလား
ငါ ငိုကြွေးရင်း ပူဆွေး
ဒီမှာတော့ အချိန်ကုန်ခဲ့ပီ
ငါ မသေဆေး ဖော်စပ်ရင်း
ဒီနေရာက အဆိပ်တွေသာ ပြည့်နေ...
အို ဝိုး ဝိုး... ဝိုး



Credits
Writer(s): Khual Pi
Lyrics powered by www.musixmatch.com

Link