Ar Ka Tha Pya Tite - Live

ကြယ်တွေမြင်တိုင်း
ငါ့စိတ်ကယိုင်
ထင်ရာလွင့်စိုင်း
ကြယ်တွေကို သေချာ ရေတွက်ကြည့်တယ်
အာကာပြင်မှတ်တမ်း
ရီဝေထုံထိုင်း လက်တွေ့မကျနိုင်
ငါယုံကြည်တဲ့အတိုင်း
အာကာပြင် အင်မတန် ကျယ်ပြန့်လွန်းတယ်
သာမန် ဦးနှောက်ပင်ပန်း
ငါ့ရဲ့ ညကမှောင်လွန်းတယ်
သွေးပျက်ခြောက်ခြားဖွယ်
အမြဲတမ်းထွက်တဲ့ ကြယ်များလည်း
အခိုးအငွေ့များထဲ ပုန်းကွယ်
မိုးအုံ့ခဲ့ပြီ
မိုးအုံ့ခဲ့ပြီ
မိုးအုံ့ခဲ့ပြီ
မိုးအုံ့ခဲ့ပြီ
မိုးသားကင်းတဲ့ ညများလည်း
ငါ့အတွက် အလုပ်ရှုပ်တယ်
များပြားလွန်းတဲ့ ကြယ်များအလယ်
ငါ့ရဲ့ အတွေ့များ လွင့်ပြယ်
အကျိုးယုတ်ခဲ့ပြီ
အကျိုးယုတ်ခဲ့ပြီ
အကျိုးယုတ်ခဲ့ပြီ
အကျိုးယုတ်ခဲ့ပြီ
ကျယ်ပြန့်လွန်းတဲ့
နက်နဲလွန်းတဲ့
မြင့်မားလွန်းတဲ့
ငါရူးတော့မယ်
ဂြိုလ်တွေမြင်လည်း တမ်းတမိတယ်
သူပေါ်လာနိုင်တယ်
ဂြိုလ်တွေမှာ သူသာတကယ်ရှိခဲ့ရင်
ငါထင်တာမှန်ပြီ
မျှော်နေပေမယ့် သောကများတယ်
သေတောင်သေနိုင်တယ်
ဂြိုလ်သတ္တဝါတွေသာ တကယ်ရှိခဲ့ရင်
အာကာသပြတိုက် ပြည့်စုံပြီ



Credits
Writer(s): Kaiza Tin Moong
Lyrics powered by www.musixmatch.com

Link