Yar Thi Ou Tu Nae a Chit

ရာသီဥတုနဲ့ အချစ်ဟာ
ယုံကြည်လို့ မရတဲ့အရာပဲ
နောက်နေ့မှာ ဆီးနှင်းတွေ မကျဘူး
ငါ့ရဲ့အချစ်ဟာ ဘယ်တော့မှမအေးဘူး
လို့ပြောခဲ့ပေမယ့် နင်ဟာစောင်ခြုံထားရတယ်
ရာသီဥတုနဲ့ အချစ်ဟာ
ယုံကြည်လို့ မရတဲ့အရာပဲ
နောက်နေ့မှာ နေမပူပါဘူး
မင်းရဲ့ အသည်းကို ဘယ်တော့မှ မခွဲဘူး
လို့ပြောခဲ့ပေမယ့် နေပူ ရင်ပူကာ အသည်းကွဲရတယ်
ဘယ်တော့မှ မခွဲဘူး လို့ပြောခဲ့ပေမယ့်
နေပူ ရင်ပူကာ အသဲကွဲရတယ်
ဘယ်တော့မှ မခွဲဘူး လို့ပြောခဲ့ပေမယ့်
နေပူ ရင်ပူကာ အသဲကွဲရတယ်
ရာသီဥတုနဲ့ အချစ်ဟာ
ယုံကြည်လို့ မရတဲ့အရာပဲ
နောက်နေ့မှာ မိုးမရွာပါဘူး
မင်းမျက်ဝန်းတွေ မငိုရဘူးတဲ့
နောက်တော့လည်း မိုးရွာကာ ငါငိုကြွေးခဲ့ရတယ်
ဘယ်တော့မှမအေးဘူး လို့ပြောခဲ့ပေမယ့်
နင်ဟာ စောင်ခြုံထားရတယ်
ဘယ်တော့မှ မခွဲဘူး လို့ပြောခဲ့ပေမယ့်
နေပူ ရင်ပူကာ အသည်းကွဲရတယ်
မငိုရဘူးတဲ့ နောက်တော့လည်း မိုးရွာကာ
ငါငိုကြွေးခဲ့ရတယ်



Credits
Writer(s): Kaiza Tin Moong
Lyrics powered by www.musixmatch.com

Link