Bawa

အအေးမိလို့ ချောင်းဆိုးကာ ငါချူခြာလာ
ကိုယ်ပူတောင် နင်လာမစမ်းပါ
အဖျားတက်ပြီး အိပ်မရချိန်မှာ နင်ဟာမမှုပါ
တညင်းသီးအုန်းနို့ဆမ်းကို နင်ဟာဝယ်လာ
ကိုကိုတောင် ခေါ်ဖော်မရပါ
နင့်မိဘသွေးတိုးလာတော့ ပြာနေလိုက်တာ
လခထုတ်ပြီးတဲ့အခါ နင်ရယ်နိုင်လာ
ကိုကိုရယ် ငွေအကုန်အပ်ပါ
မီးမီးရဲ့ အစ်မနဲ့အစ်ကိုက ငွေလိုဦးမှာ
လာ လာ လာ လား
ကားရှုပ်တဲ့ လမ်းမထက် လူပုံအလယ်မှာ
အိမ်ကို ပြန်ရန် အချိန်ရောက်လာ
ငါ့အိတ်ကပ်ထဲရှိနေတာ နှစ်ဆယ်တည်းပါ
ရည်းစားဘဝတုန်းကသာ ငါလိုလူဟာ
ဒါတွေကို ကြိုမမြင်ခဲ့တာ
လက်ထပ်ပြီးနောက်ပိုင်းမှာတော့ အမြင်မှန်ရလာ
ပြောစမှတ်ပြုကြတဲ့ စကားပုံဟာ
လူမသေ ငွေမရှားပါ
လေးဖက်ထောက် မတ်တပ်စာတော့ ပူစရာမရှိပါ
လာ လာ လာ လား
စိတ်ပျက်လက်ပျက်နဲ့ ငါဂစ်တာကိုင်ကာ
စတူဒီယိုကို ချီတက်လာ
ဘဲဥနဲ့ တစ်နဲ့စပ်ခြား နှစ်ပုံတစ်ပုံအဖြစ်ငါ
တေးတစ်ပုဒ်နဲ့ ထမင်းတစ်လုပ်ကို ငါဝယ်နိုင်လာ
ဒါပေမယ့် ငါမအံ့ဩပါ
သီချင်းတစ်ပုဒ်အတွက် သုံးတဲ့အချိန်က ဆယ်နှစ်တည်းပါ
မိန်းမနဲ့ ကလေးနှစ်ယောက်ရယ် ငြိမ်ငြိမ်နေကွာ
လူဆိုတာ ဒီလိုပဲကွာ
စိတ်ဆင်းရဲပြီး အရမ်းချမ်းသာတော့ ပျော်နိုင်ဦးမလား
လာ လာ လာ လား
အအေးမိလို့ ချောင်းဆိုးကာ ငါချူခြာလာ
ကိုယ်ပူတောင် နင်လာမစမ်းပါ
အဖျားတက်ပြီး အိပ်မရချိန်မှာ နင်ဟာမမှုပါ



Credits
Writer(s): Kaiza Tin Moong
Lyrics powered by www.musixmatch.com

Link