Myin P Lar

ငါအိပ်ပျော်နေခဲ့တာ အတော်တောင်ကြာသွားပြီ
ပြန်လည် နိုးထလာချိန်မှာ
အိပ်ခန်းထပ်မှာဆိုရင် အမိုးတောင်မရှိ
ငါ့ကုတင်ဟာ မျောစပြုနေပြီ
အပြင်ပန်းသဏ္ဌာန် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကြီးဟာ
အာရုံလိုက်စားလို့ ကောင်းနေဆဲ
ဖရိုဖရဲ အစိတ်စိတ်အမွှာ တစစီဖြစ်သွား
အုတ်မြစ်အခြေခံ အမြစ်က ကျွတ်ထွက်သွား
တစ်ခုလုံးကျွတ်ထွက်သွား
တစ်ခုလုံးကျွတ်ထွက်သွား
နောက်ကြောင်းအတိတ်ရှိရာကို
ပြန်လှည့်ကြည့်တဲ့အခါတိုင်း
ဆုံးရှုံးမှုများ ခါးသီးမှုများ
ဖြေမဆည်နိုင်တဲ့ ဖြစ်ရပ်များ
အနာဂတ်အား လှမ်းမျှော်ပြီး
ခြေဖျားထောက်ကြည့်ပြန်တော့
လွတ်လပ် လဟာဖြစ် အခန်းလွတ်တစ်ခုအတွင်း
မပြုမဖြစ် မရှိခြင်းများကိုနင်
ဒီအချိန် ဒီနေ့ရက်ကို မြင်ပြီလား
ဒီအချိန် ဒီနေ့ရက်ကို မြင်နိုင်ပြီလား
နာရီလက်တံလည်သရွေ့ ငါပျော်ပျော်နေတတ်အောင်
ဘာကို နံပါတ်တစ်ထားရမလဲ
ပဟေဠိကို အဖြေညှိကြည့်တိုင်းမှာ
ချစ်ခြင်းမေတ္တာဟာ ထင်းထင်းကြီးပေါ်လာ
ချစ်ခြင်းမေတ္တာသာ
အနာသိ ဆေးရှိသူ
နောက်ကြောင်းအတိတ်ရှိရာကို
ပြန်လှည့်ကြည့်တဲ့အခါတိုင်း
ဆုံးရှုံးမှုများ ခါးသီးမှုများ
ဖြေမဆည်နိုင်တဲ့ ဖြစ်ရပ်များ
အနာဂတ်အား လှမ်းမျှော်ပြီး
ခြေဖျားထောက်ကြည့်ပြန်တော့
လွတ်လပ် လဟာဖြစ် အခန်းလွတ်တစ်ခုအတွင်း
မပြုမဖြစ် မရှိခြင်းများကိုနင်
ဒီအချိန် ဒီနေ့ရက်ကို မြင်ပြီလား
ဒီအချိန် ဒီနေ့ရက်ကို မြင်နိုင်ပြီလား
နေမင်းစထွက်ပြီး ပြန်မဝင်သေးခင်
နံပါတ်တစ်နေရာကို ဘယ်သူ့အားပေးမှာလဲ
ဘယ်သူ့အားပေးမှာလဲ
ဘယ်သူ့အားပေးမလဲ
နောက်ကြောင်းအတိတ်ရှိရာကို
ပြန်လှည့်ကြည့်တဲ့အခါတိုင်း
ဆုံးရှုံးမှုများ ခါးသီးမှုများ
ဖြေမဆည်နိုင်တဲ့ ဖြစ်ရပ်များ
အနာဂတ်အား လှမ်းမျှော်ပြီး
ခြေဖျားထောက်ကြည့်ပြန်တော့
လွတ်လပ် လဟာဖြစ် အခန်းလွတ်တစ်ခုအတွင်း
မပြုမဖြစ် မရှိခြင်းများကိုနင်
ဒီအချိန် ဒီနေ့ရက်ကို မြင်ပြီလား
ဒီအချိန် ဒီနေ့ရက်ကို မြင်နိုင်ပြီလား



Credits
Writer(s): Kaiza Tin Moong
Lyrics powered by www.musixmatch.com

Link