A Lin Sa Twe Chain

အလင်းစတွေ့ချိန်
မျက်စိတွေကြိမ်းစပ်လို့နေတယ်
အမှောင်ဆိုတာရယ် တော်တော် ထူခဲ့ပါတယ်
အခုတော့ငါ့မှာ အထုပ်အပိုးကြီးတွေနဲ့
တစ်ခုချင်းစီကို
ဖြည်းဖြည်းသာ အောက်ချခွင့်ပြုဦး
ယူဇနာမိုင် တော်တော် ကွာသွားပြီ
အလင်းနှစ်ကုဋေ သန်းပေါင်းများစွာချီ
အသံလည်းမကြား
စာလည်းမရ
သူနဲ့ မတွေ့တော့ပြီ
ချိန်ခွင်အောက်ကို
သက်ဆင်းခဲ့မိပြီပဲ
ပုလင်းတစ်လုံးထဲမှာ ငါနစ်လို့နေပြီ
ကွက်လပ်ကြီးတစ်ခု
ဖြည့်ရတာ တစ်နေ့ ၂၄ နာရီ
ဝေဒနာပင်လယ် တော်တော် ကျယ်ဝန်းပါတယ်
လည်ပတ်ကျတဲ့ငါ တစ်ကိုယ်လုံးမျော့နေပြီ
အသံလည်းမကြား
စာလည်းမရ
သူနဲ့ မတွေ့တော့ပြီ
ချိန်ခွင်အောက်ကို
သက်ဆင်းခဲ့မိပြီပဲ
ပုလင်းတစ်လုံးထဲမှာ ငါနစ်လို့နေပြီ
အခုတော့ ငါ့မှာ အထုပ်အပိုးကြီးတွေနဲ့
အသံလည်းမကြား
စာလည်းမရ
သူနဲ့ မတွေ့တော့ပြီ
ချိန်ခွင်အောက်ကို
သက်ဆင်းခဲ့မိပြီပဲ
ပုလင်းတစ်လုံးထဲမှာ ငါနစ်လို့နေပြီ
အသံလည်းမကြား
စာလည်းမရ
သူနဲ့ မတွေ့တော့ပြီ
ချိန်ခွင်အောက်ကို
သက်ဆင်းခဲ့မိပြီပဲ
ပုလင်းတစ်လုံးထဲမှာ ငါနစ်လို့နေပြီ
ပုလင်းတစ်လုံးထဲမှာ ငါနစ်လို့နေပြီ
ပုလင်းတစ်လုံးထဲမှာ ငါနစ်လို့နေပြီ
ပုလင်းရဲ့အောက်ခြေ ငါအခု ထိနေပြီ



Credits
Writer(s): Kaiza Tin Moong
Lyrics powered by www.musixmatch.com

Link