Lan Ta Shout Lone

ထူးခြားတဲ့ ဝိညာဉ်
မတူညီတဲ့ စိတ်ကူး
ပြောင်းလဲတဲ့ ခေတ်မှာ
ထင်တာအကုန်တွေးမယ်
အစွမ်းထက်တဲ့ဆေးတွေ
ပေါ်လာတယ် သောက်သုံး
စားပြီးသား အဆိပ်အတောက်
အကုန်ပြေပျောက်သွားမယ်
အမြဲလင်းတဲ့မီးတွေ
ပြန်လာတယ် နောက်ဆုံး
အပေါင်းအသင်းနဲ့တွေ့ရင်
အမြင်တွေဖလှယ်ကြတယ်
ဟောင်းသွားတဲ့မီးအိမ်
အိမ်မှာမလိုတော့ဘူး
ပြတိုက်သို့ပို့မယ်
ဂုဏ်ယူဝင့်ကြွားစွာ
လမ်းတစ်လျှောက်လုံး
အလုပ်ရှုပ်တဲ့အမှိုက်တွေ
ကြုံရာမှာ မပစ်ဘူး
အသုံးပြုလို့ရအောင်
Recycle လုပ်မယ်
ဝါးပြီးသား အရိုးတွေ
ပုံချင်သလို မပုံဘူး
ပေါင်းကာ
Doggy တွေကျွေးမယ်
မြောင်းထဲက အမှိုက်တွေ
ပူနေစရာမလိုဘူး
အားလုံးရှင်းထုတ်ကာ
ခြင်တွေလိုက်မောင်းမယ်
အဲကွန်းနဲ့ ဓာတ်ဆီ
ချွေတာတယ် နောက်ဆုံး
မီးပွိုင့်မိသွားရင်
အင်ဂျင်သတ်ထားမယ်
လမ်းတစ်လျှောက်လုံး



Credits
Writer(s): Kaiza Tin Moong
Lyrics powered by www.musixmatch.com

Link