အသုံးမကျ

ကျောင်းသားဘဝမှာအဖိအနိုပ်များနဲ့ကြီးပျင်းလာ
အိမ်ပြန်ရောက်တဲ့အခါအဖေကမူးပြီးရိုက်ပြန်တာ
သူရင်ထဲမှာအမုန်းစိတ်များသာကြီးထွားလာ
အဲ့ဒီအမုန်းစိတ်များတစ်ချိန်မှာပေါက်ကွဲထွက်လို့သွား

ဆန့်ကျင်ဘက်တွေ စဉ်းစားမယ်ပြောမယ်
လူ့အခွင့်အရေးတွေမရှိတဲ့ကြား မင်းမဲ့စိတ်ဓာတ်ဒီမှာစ
အရင်းရှင်စနစ်တွေ တိုက်မယ်ခိုက်မယ်
ထိန်းချုပ်ထားတဲ့လူ့ဘောင်က ဒိုင်းနမိုက်လိုပေါက်ကွဲသွား

ပန့်ရော့ခ်သီချင်းနဲ့လွတ်လပ်မှုရှာတွေ့တဲ့အစ
လူတွေကြားထဲမှာအဖြူဟာအမဲစက်ဖြစ်လို့သွား
မူးယစ်ဆေးနွံထဲမှာမျောတဲ့အပေါင်းအသင်းများ
အိမ်ပြန်ရောက်တဲ့အခါငါတို့သီချင်းများနဲ့ကုစား

လူမျိုးရေးခွဲနေ မျိုးချစ်အရူးတွေ
ဦးနှောက်မရှိတဲ့အသိဉာဏ်က ဒီကမ္ဘာမြေကိုဖျက်ဆီးသွား
ဘုရားတွေတရားတွေ လာမပြောနဲ့အခုချိန်
နောက်ကလိုက်တဲ့လူတွေက အသုံးမကျတော့ဘာမှသုံးမရ

ဆန့်ကျင်ဘက်တွေ စဉ်းစားမယ်ပြောမယ်
လူ့အခွင့်အရေးတွေမရှိတဲ့ကြား မင်းမဲ့စိတ်ဓာတ်ဒီမှာစ
အရင်းရှင်စနစ်တွေ တိုက်မယ်ခိုက်မယ်
ထိန်းချုပ်ထားတဲ့လူ့ဘောင်က ဒိုင်းနမိုက်လိုပေါက်ကွဲ
လူမျိုးရေးခွဲနေ မျိုးချစ်အရူးတွေ
ဦးနှောက်မရှိတဲ့အသိဉာဏ်က ဒီကမ္ဘာမြေကိုဖျက်ဆီးသွား
ဘုရားတွေတရားတွေ လာမပြောနဲ့အခုချိန်
နောက်ကလိုက်တဲ့လူတွေက အသုံးမကျတော့ဘာမှသုံးမရ
(သုံးမရ)



Credits
Writer(s): Eaiddhi
Lyrics powered by www.musixmatch.com

Link