My Confession

မိုးလင်းစမနက်ခင်း
အရောင်တွေစုံတဲ့လှပမြင်ကွင်း
ပင်လယ်ပြင်ကြီးနဲ့ရယ်
အင်းအိုင်များ
သင်တန်ဖိုးထားသင့်တယ်
ဒီကမ္ဘာမြေ

ကျေးငှက်တေးသံများ
သာယာစွာနားထဲ ပျံသန်းစီး၀င်
ရင်ခုန်ရှုမောမဆုံးတယ်
တောတောင်များ
သင်တန်ဖိုးထားသင့်တယ်
ဒီကမ္ဘာမြေ

ဘုရားဖန်ဆင်းတဲ့လက်ရာများ
သူ့အလိုအလျောက်တော့
ဖြစ်လာတာမဟုတ်ပါ
တောင်နံရံကြီးလည်း ကြွေးကြော်မယ်
လူတွေအားလုံး ကြွေးကြော်မယ်
ကိုယ်တော်ကို

နေလ ပင်လယ်ရေများ
ထာ၀ရဘုရားအား ကြွေးကြော်လော့
အို ဖန်ဆင်းတော်မူသောအရာ
ထာ၀ရဘုရားအား ကြွေးကြောလော့
အာမင်!

မိုးမြင့်အထက်ဆီက
တိမ်တွေကို ငေးမောကြည့်ရင်းနဲ့လေ
သာယာကြည်နူးမိတယ်
သူ့အလှတရား
သင်တန်ဖိုးထားသင့်တယ်
ဒီကမ္ဘာမြေ

ဘုရားဖန်ဆင်းတဲ့လက်ရာများ
သူ့အလိုအလျောက်တော့
ဖြစ်လာတာမဟုတ်ပါ
တောင်နံရံကြီးလည်း ကြွေးကြော်မယ်
လူတွေအားလုံး ကြွေးကြော်မယ်
ကိုယ်တော်ကို

နေလ ပင်လယ်ရေများ
ထာ၀ရဘုရားအား ကြွေးကြော်လော့
အို ဖန်ဆင်းတော်မူသောအရာ
ထာ၀ရဘုရားအား ကြွေးကြောလော့

နေလ ပင်လယ်ရေများ
ထာ၀ရဘုရားအား ကြွေးကြော်လော့
အို ဖန်ဆင်းတော်မူသောအရာ
ထာ၀ရဘုရားအား ကြွေးကြောလော့
အာမင်!



Credits
Writer(s): Kyaw Naing Oo
Lyrics powered by www.musixmatch.com

Link