Endless Compassion

နေရောင်ခြည်ကို ထိတွေ့ခွင့်ရနေတုန်း
ကိုယ်တော်ရှင်ကိုကျေးဇူးတင်ဦး
မနက်ဖြန်ဆိုတာ ဘယ်လိုရှိမယ်
ဘယ်သူမှလည်းမသိနိုင်

ဒီလေတွေကိုရှုရှိက်ခွင့်ရနေတုန်း
ကိုယ်တော်ရှင်ကိုချီးမွမ်းလိုက်ဦး
မနက်ဖြန်ဆိုတာ ဘယ်လိုဖြစ်မယ်
ဘယ်သူမှလည်းမမှန်းနိုင်

ကမ္ဘာမြေကြီးကမရပ်တန့်တဲ့ခရီးတစ်ခုငယ်ပါ
တကယ်ကိုဖမ်းဆုပ်လို့မရ ရုပ်ဒြပ်မဲ့ အိပ်မက်လိုပါ
မရှောင်နိုင်သေးတဲ့ လူ့ဘ၀ရဲ့ဒုက္ခတွေကြား
သတိရလိုက်ပါ ကိုယ်တော်မေတ္တာ
အဆုံးမဲ့အကြင်နာ

နေရောင်ခြည်များလင်းနေတာ
ကိုယ်တော်ရှင်ရဲ့ကျေးဇူးပါ
မြင်လိုက်
လေပြေချိုအေးသွေးနေ တာ
ကိုယ်တော်ရှင်ရဲ့ကရုဏာပါ
ယုံလိုက်
လူ့ဘ၀ခဏ အသက်ရှင်နေစဉ်တုန်း

ကမ္ဘာမြေကြီးကမရပ်တန့်တဲ့ခရီးတစ်ခုငယ်ပါ
တကယ်ကိုဖမ်းဆုပ်လို့မရ ရုပ်ဒြပ်မဲ့ အိပ်မက်လိုပါ
မရှောင်နိုင်သေးတဲ့ လူ့ဘ၀ရဲ့ဒုက္ခတွေကြား
သတိရလိုက်ပါ ကိုယ်တော်မေတ္တာ
အဆုံးမဲ့အကြင်နာ

နေရောင်ခြည်များလင်းနေတာ
ကိုယ်တော်ရှင်ရဲ့ကျေးဇူးပါ
မြင်လိုက်
လေပြေချိုအေးသွေးနေ တာ
ကိုယ်တော်ရှင်ရဲ့ကရုဏာပါ
ယုံလိုက်
လူ့ဘ၀ခဏ အသက်ရှင်နေစဉ်တုန်း

ကမ္ဘာမြေကြီးကမရပ်တန့်တဲ့ခရီးတစ်ခုငယ်ပါ
တကယ်ကိုဖမ်းဆုပ်လို့မရ ရုပ်ဒြပ်မဲ့ အိပ်မက်လိုပါ
မရှောင်နိုင်သေးတဲ့ လူ့ဘ၀ရဲ့ဒုက္ခတွေကြား
သတိရလိုက်ပါ ကိုယ်တော်မေတ္တာ
အဆုံးမဲ့အကြင်နာ

သတိရလိုက်ပါ ကိုယ်တော်မေတ္တာ
အဆုံးမဲ့အကြင်နာ



Credits
Writer(s): Ah Si
Lyrics powered by www.musixmatch.com

Link