Love, Truth and Mercy

ရှင်သန်နေထိုင်လူ့ဘ၀အသက်တာ
မနက်ဖြန်များကိုမပိုင်ပေမယ့်
ကိုယ်တော်အတူပါရှိခြင်းက
လုံခြုံစိတ်ချစေတယ်

တခါတရံလေမုန်တိုင်းများဖြတ်ကျော်
တခါတရံလေပြေလေညှင်းလေး
ဘယ်လိုအခြေအ နေမျိုးနဲ့တွေ့ပါစေ
ဂုဏ် တော်ချီးမွမ်းနေမယ်

ကိုယ်တော်ရဲ့မေတ္တာတော်
ကြီးမားလွန်းနေလို့
ကိုယ်တော်ရဲ့သစ္စာတော်
ထာ၀စဉ်တည်မြဲလို့
ကိုယ်တော်ရဲ့ကရုဏာတော်
နေ့ရက်တိုင်းအတွက် ပြည့်စုံလို့
ပို့ဆောင်ခဲ့တာ ကိုယ် တော်ကျေးဇူးတော်ပါ

နောင်လာမယ့်အနာဂတ်နေ့အတွက်
စိုးရိမ်ကြောက်စရာမလိုပါဘူး
အရာရာကိုပိုင်သသောဘုရားရှင်
အစဉ်သာကြည့်ရှုနေတယ်

ရင်ဆိုင်မယ် တိုက်ပွဲများထဲ
နာကျင်စရာတွေကြုံရလည်း
ကိုယ်တော်ရှင်ရဲ့ကောင်းမြတ်ခြင်းက
အနိုင်ယူ၀မ်းမြောက်စေတယ်

ကိုယ်တော်ရဲ့မေတ္တာတော်
ကြီးမားလွန်းနေလို့
ကိုယ်တော်ရဲ့သစ္စာတော်
ထာ၀စဉ်တည်မြဲလို့
ကိုယ်တော်ရဲ့ကရုဏာတော်
နေ့ရက်တိုင်းအတွက် ပြည့်စုံလို့
ပို့ဆောင်ခဲ့တာ ကိုယ် တော်ကျေးဇူးတော်ပါ
ကိုယ်တော်ရဲ့မေတ္တာတော်
ကြီးမားလွန်းနေလို့
ကိုယ်တော်ရဲ့သစ္စာတော်
ထာ၀စဉ်တည်မြဲလို့
ကိုယ်တော်ရဲ့ကရုဏာတော်
နေ့ရက်တိုင်းအတွက် ပြည့်စုံလို့
ပို့ဆောင်ခဲ့တာ ကိုယ် တော်ကျေးဇူးတော်ပါ



Credits
Writer(s): Kim Pu
Lyrics powered by www.musixmatch.com

Link