Pone Yate - ပုံရိပ်

ပုံရိပ်

ပြန်ဆုံနိုင်မယ့် ယုံကြည်ချက်တစ်ခုတည်း ကျန်သော်လည်း အလကားပဲ
ငါမင်းအတွက် အရာရာပေးဆပ်တယ်
နင်မယုံလည်း ရယ်နေလိုက်မယ်

တခါတရံ အရမ်းကိုသတိရတယ်
ဘယ်သူဘာပြောပြော ကိုယ်မင်းအနားကိုပြေးလို့
လူမဆန်တဲ့အပြစ်တွေကိုခွင့်လွှတ်ချင်လည်း
ယောင်္ကျားမာန ဆိုတာရှိရဦးမယ်

ပျော်ရွှင်ခဲ့တဲ့နေ့တွေကို ပြန်မြင်ယောင်တယ်အဆိပ်တွေလို
ရောင်စုံအိပ်မက်များဆီသို့ နင်ပြန်ရောက်လာမလား နေဝင်သွားချိန်တိုင်း
အကြိမ်ကြိမ်ငါတမ်းတလို့ရူး အဝေးထွက်မသွားပါဘူး
ဒါကတိတွေပါ ချန်ထားခဲ့သမျှ ဒါဏ်ရာများစွာက ရင်မှာနာကျင်ခဲ့တယ်

ဒီလိုနဲ့ ကုန်လွန်သွားခဲ့တယ် အပြစ်ဆိုတာပြင်ယုံနဲ့ ဇာတ်သိမ်းနိုင်လား
ရင်ထဲမှာ သေအောင်နာကြည်းရတယ်ဆိုတာနင်မြင်လား မစာနာတတ်ဘူးလား

တခါတရံအရမ်းကို လွမ်းမိတယ်
တကယ်ဆို မင်းအချစ်သာတရားခဲ့ရင်ကောင်းမယ်
ဘဝဆိုတာ အဆိုးအကောင်းကြုံတွေ့ရတော့လည်း
မြတ်နိုးစွာနဲ့ ကိုယ်စွန့်လွှတ်ပါ့မယ်

ပျော်ရွှင်ခဲ့တဲ့နေ့တွေကို ပြန်မြင်ယောင်တယ်အဆိပ်တွေလို
ရောင်စုံအိပ်မက်များဆီသို့ နင်ပြန်ရောက်လာမလား နေဝင်သွားချိန်တိုင်း
အကြိမ်ကြိမ်ငါတမ်းတလို့ရူး အဝေးထွက်မသွားပါဘူး
ဒါကတိတွေပါ ချန်ထားခဲ့သမျှ ဒါဏ်ရာများစွာက ရင်မှာကြေကွဲဆဲ

ပျော်ရွှင်ခဲ့တဲ့နေ့တွေကို ပြန်မြင်ယောင်တယ်အဆိပ်တွေလို
ရောင်စုံအိပ်မက်များဆီသို့ နင်ပြန်ရောက်လာပါ နေဝင်သွားချိန်တိုင်း အကြိမ်ကြိမ်ငါတမ်းတလို့ရူး
အဝေးထွက်မသွားပါဘူး နင်ပေးတဲ့ကတိတွေနားနဲ့ဆတ်ဆတ် ကြားခဲ့တယ် အခု ဘာကြောင့်ငါကြေကွဲရသလဲ

ပြန်ဆုံနိုင်မယ့် ယုံကြည်ချက်တစ်ခုတည်း ကျန်သော်လည်း အလကားပဲ



Credits
Writer(s): Soe Moe Htet
Lyrics powered by www.musixmatch.com

Link