Say Chel - ဆေးခြယ်

Say chel
ဆေးခြယ်

အချိန်တိုင်းမင်းအပေါ် မလိုအပ်ပဲနဲ့အမြဲလို အနိုင်ယူခဲ့တယ်
တစ်ယောက်တည်း ဘဝကို အဖော်မရှိလည်း အမြဲတမ်းအဆင်ပြေနေရမယ်ဆိုတဲ့
စိတ်ကူးတွေနဲ့ရှင်သန်တယ် သူငယ်ချင်းတွေကဗျာဆန်နေတဲ့ အချိန်မှာ ရင့်ကျက်ချင်တယ်
အချစ်ကိုကြည်နူးစရာလို့တောင်မမြင်ခဲ့ လိုရင်လိုအပ်သလိုသုံးစရာလိုပဲသာ ထင်ထားခဲ့ပါတယ်

အခုငါအဝေး အဝေး အဝေးမှာ အလွမ်းများနဲ့ အရုပ်ကြိုးပြတ်နေပြီ
မင်းရဲ့အဝေး အဝေးမှာနှလုံးသား အရောင်တွေမရှိတော့လို့
တစ်ခါပြန်ပြီး ဆေးခြယ်ပေးပါဦး

အိမ်မက်ထဲတော့ ကျွန်တော်သူ့လက်မောင်းအထက်မှာပျော်နေတုန်းပဲ
အပြင်လက်တွေ့ဘဝက သူမရှိတော့လို့အနိဌာရုံကြီးကွာ
တရွေ့ရွေ့ပြိုလဲကာအထီးကျန်လာတယ် ဒီဒါဏ်ရာဒါဏ်ချက်တွေကင်ဆာလိုပဲ
ဘယ်လိုမှကုသမရဘူး
အချစ်ကိုကြည်နူးစရာလို့ငါမမြင်ခဲ့ လိုရင်လိုအပ်သလိုသုံးစရာလိုပဲသာ ထင်မှားခဲ့တော့လည်း

အခုငါအဝေး အဝေး အဝေးမှာအလွမ်းများနဲ့ အရုပ်ကြိုးပြတ်နေပြီ
မင်းရဲ့အဝေး အဝေးမှာနှလုံးသား အရောင်တွေမရှိတော့လို့
တစ်ခါပြန်ပြီး ဆေးခြယ်ပေးပါဦး

အချစ်ကိုကြည်နူးစရာလို့ငါမမြင်ခဲ့ လိုရင်လိုအပ်သလိုသုံးစရာလိုပဲသာ ထင်ခဲ့တယ်

အခုငါအဝေး အဝေး အဝေးမှာအလွမ်းများနဲ့ အရုပ်ကြိုးပြတ်နေပြီ
မင်းရဲ့အဝေး အဝေးမှာနှလုံးသား အရောင်တွေမရှိတော့လို့
တစ်ခါပြန်ပြီး ဆေးခြယ်ပေးပါဦး

ငါ့နှလုံးသား အရောင်တွေမရှိတော့လို့ ဆေးခြယ်ပေးပါဦး

ငါ့နှလုံးသား အရောင်တွေမရှိတော့လို့ ဆေးခြယ်ပေးပါဦး



Credits
Writer(s): Soe Moe Htet
Lyrics powered by www.musixmatch.com

Link