A Kyaung Pya Chat Ma Shi - အကြောင်းပြချက်မရှိ

A kyaung pya chat ma shi
အကြောင်းပြချက်မရှိ

မျက်လုံးတွေမှိတ် ယုံကြည်ကိုးစားလိုက်ပြီပဲ
အရင်အချိုးတွေတောင် အရောင်ပြောင်းသွားခဲ့ပြီ
မင်းစိတ်နဲ့ထပ်တူတဲ့ ကိုယ်စောင့်နတ်အတိုင်းပဲ

ထာဝရစောင့်ရှောက်ပါမယ် နတ်ဘုရားတိုင်းအကုန်တိုင်တည်ပြောတယ်
မင်းတစ်ယောက်အတွက်နဲ့ အသက်ဆက်ရှင်မယ် မှန်ကန်စွာနဲ့

အကြောင်းပြချက်မရှိတာကို လာလာပြီးတော့
ဘာ့ကြောင့်စွဲလမ်းနေသလဲဆို ဘယ်လိုဖြေရမလဲ
ဆိုးသွမ်းခဲ့သမျှတွေကို စုံမှိတ်ပြီးတော့
ခွင့်လွှတ်လို့ထားတာကို အနိုင်မယူချင်စမ်းနဲ့

နင်တစ်ယောက်တည်း အတွက်နဲ့
(တစ်ယောက်တည်းအတွက်)
အကုန်လုံးကို ချန်ရစ်ခဲ့ပြီးပြီပဲ
(ကိုယ်မင်းအနားမှာပဲ)
နင်တစ်ယောက်တည်း အတွက်နဲ့
(တစ်ယောက်တည်းအတွက်)
အကုန်လုံးကို စွန့်လွှတ်ခဲ့ပြီးပြီပဲ
အကြောင်းပြချက်မရှိတာကို

ဆရာကျနေတဲ့ သူ့နှုတ်ခမ်းရဲ့အနမ်းတွေက
ဘဝတစ်ခုလုံးကိုပြာကျသွားလောက်အောင်
ပြုစားလို့ရနေတော့ သူ့သဘောအတိုင်းပေါ့

မင်းတို့ရှူံ့ချပြောချင်လည်း ပျော်ပျော်ကြီးသာခံသွားပါ့မယ်
အချစ်သူရဲကောင်း စောက်ပေါဆိုလည်း ဝန်ခံပါတယ်

အကြောင်းပြချက်မရှိတာကို လာလာပြီးတော့
ဘာ့ကြောင့်စွဲလမ်းနေသလဲဆို ဘယ်လိုဖြေရမလဲ
ဆိုးသွမ်းခဲ့သမျှတွေကို စုံမှိတ်ပြီးတော့
ခွင့်လွှတ်လို့ထားတာကို အနိုင်မယူချင်စမ်းနဲ့

အကြောင်းပြချက်မရှိတာကို.
အကြောင်းပြချက်မရှိတာကို. ohh.
အကြောင်းပြချက်မရှိတာကို. hey hey yeah

အကြောင်းပြချက်မရှိတာကို လာလာပြီးတော့
ဘာ့ကြောင့်စွဲလမ်းနေသလဲဆို ဘယ်လိုဖြေရမှာလဲ
ဆိုးသွမ်းခဲ့သမျှတွေကို စုံမှိတ်ပြီးတော့
ခွင့်လွှတ်လို့ထားတာကို အနိုင်မယူချင်စမ်းနဲ့

နင်တစ်ယောက်တည်း အတွက်နဲ့
(တစ်ယောက်တည်းအတွက်)
အကုန်လုံးကို ချန်ရစ်ခဲ့ပြီးပြီပဲ
(ကိုမင်းအနားမှာပဲ)
နင်တစ်ယောက်တည်း အတွက်နဲ့
(တစ်ယောက်တည်းအတွက်)
အကုန်လုံးကို စွန့်လွှတ်ခဲ့ပြီးပြီပဲ

အကြောင်းပြချက်မရှိတာကို
အကြောင်းပြချက်မရှိတာကို
အကြောင်းပြချက်မရှိပါဘူးဆို
အကြောင်းပြချက်မရှိတာကို
ငါ့အချစ်တွေမှာ အကြောင်းပြချက်မရှိတာကို



Credits
Writer(s): Soe Moe Htet
Lyrics powered by www.musixmatch.com

Link