So In Love

ရင်ခုန်စွာနဲ့ စာတွေစီထားတဲ့
သီချင်းလေး တစ်ပုဒ်ရှိတယ်
ငြင်သာစွာနဲ့ ကိုယ်သီဆိုမယ့်
သီချင်းလေး နားဆင်လှည့်
အမှတ်တမဲ့ ချစ်မိသွားတယ်
သူ့ပါးပြင်ထက်က အပြုံးလေးကြောင့် ဖြစ်မယ်
တိတ်တိတ်လေး ခိုးချစ်ရတာ ပင်ပန်းတယ်
တကယ်ဆိုရင် တို့နှစ်ဦး ပွင့်လင်းသင့်တယ်
ဟန်ဆောင်ကာ ဖုံးဖိမထားလိုက်ပါနဲ့
သူ့မျက်ဝန်းက အချစ်တွေကို မြင်နေရတယ်
ကိုယ်ချစ်တယ် ပြောလိုက်တိုင်းအမြဲ
ခေါင်းငုံ့ကာ လက်ဖဝါးနုလေးနဲ့
သူ့ရဲ့ မျက်နှာအုပ်ကာ ရှက်သွေးဖြာတာ သိပ်ချစ်တယ်
ကိုယ့်အတွေးထဲ သူအမြဲ
စိုးမိုးထားတော့ ခက်တယ်
အို မိန်းကလေးရယ် ကိုယ့်ညတွေ
အိပ်ပျက်ရပြီကွယ်
ရုန်းမရအောင် ချွဲတတ်လွန်းတယ်
သူစကားပြောတာ ချစ်ဖို့ကောင်းတယ်
တိတ်တိတ်လေး ခိုးချစ်ရတာ ပင်ပန်းတယ်
တကယ်ဆိုရင် တို့နှစ်ဦး ပွင့်လင်းသင့်တယ်
ဟန်ဆောင်ကာ ဖုံးဖိမထားလိုက်ပါနဲ့
သူ့မျက်ဝန်းက အချစ်တွေကို မြင်နေရတယ်
ကိုယ်ချစ်တယ် ပြောလိုက်တိုင်းအမြဲ
ခေါင်းငုံ့ကာ လက်ဖဝါးနုလေးနဲ့
သူ့ရဲ့ မျက်နှာအုပ်ကာ ရှက်သွေးဖြာတာ သိပ်ချစ်တယ်
သူ့ရဲ့ မျက်နှာအုပ်ကာ ရှက်သွေးဖြာတာ သိပ်ချစ်တယ်



Credits
Writer(s): Thein Linn Soe
Lyrics powered by www.musixmatch.com

Link