D Sate Nae Yuu

အတူရှိခဲ့ဖူးတဲ့အခန်းလေးက တိတ်ဆိတ်နေတယ်
အရင်လို မင်းရဲ့ အပြုံးနဲ့ ရယ်သံမကြားတော့ပါ
အရာရာမနေ့ကနဲ့မတူ အကုန်ပြောင်းလဲလို့နေပါတယ်
ဟိုအရင်ဆုပ်ကိုင် ဖူးတဲ့ လက်လေးတစုံဘယ်မလဲ
ဒီအချိန်မင်း ဘယ်ရင်ခွင်ထဲမှာ ရှိလို့နေမယ် ငါမတွေးတော့ဘူး
ဒီစိတ်နဲ့ ရူးလို့ သွားလိမ့်မယ်
ဒီစိတ်နဲ့ ရူး ဒီစိတ်နဲ့ရူး အသားမကျနိုင်သေးတဲ့အတွေးတွေနဲ့
ညတိုင်းကိုအိပ်လို့မရအောင် ရူး ဒီစိတ်နဲ့ရူး ဒီစိတ်နဲ့ရူး
အိပ်မက်ဆိုးများစွာနဲ့ ယောင်ရမ်းကာနိုးလို့သွားတယ် မိုးလင်းတဲ့အထိ ရူး
အကြောင်းပြချက်တို့ မပေးနိုင်ခဲ့ ဘာကိုလွမ်းလို့လွမ်းမှန်းမသိနေခဲ့
နေဝင်ချိန်အိပ်စက်မိတဲ့ ညနေတိုင်းဆို မျက်ရည်တွေဟာဝဲ
မင်းပေးခဲ့တဲ့ကတိတွေနဲ့ မေ့ဖို့ခက်တဲ့အနမ်းတွေရယ်
ဘယ်အချိန်မှာ ပြီးဆုံးသွားမယ့် အိပ်မက်လဲ ငါ ဆက်ကာမက်နေချင်တယ်
ဖွင့်လို့ထားတဲ့ တံခါးကိုပိတ် အလင်းပေးထားတဲ့
မီးတွေမှိတ် နံရံပေါ်ဆွဲလို့ထားတဲ့ မင်းပုံလေးကို ငေးကာကြည့်ရင်း
အသဲတွေ အသဲတွေကွဲ အသိစိတ်တွေတောင် မရှိနိုင်တော့အောင် ငါရူး
ဒီစိတ်နဲ့ ရူး ဒီစိတ်နဲ့ရူး အသားမကျနိုင်သေးတဲ့ အတွေးတွေ နဲ့
ညတိုင်းကို အိပ်လို့မရအောင် ရူး ဒီစိတ်နဲ့ရူး ဒီစိတ်နဲ့ရူး
အိပ်မက်ဆိုးများစွာနဲ့ ယောင်ရမ်းကာနိုးလို့သွားတယ် မိုးလင်းတဲ့အထိ ရူး
အသားမကျနိုင်ဘူး အိပ်လို့မရဘူး



Credits
Writer(s): Zaw Khun
Lyrics powered by www.musixmatch.com

Link