Tite Sine Mhu Twe Shi Lar Tine

မနေ့ကလိုပဲ ဘာမှမထူးခြားခဲ့ နွေဟာပူနေမြဲ
ကြွေရွက်တွေနဲ့ အသက်ဝင်ဆဲ တချက်ချက် သတိဝင်ခဲ့တယ်
မေ့မရတဲ့ အတိတ်ရယ် အရာရာခြားနားခဲ့ပြီပဲ
အဆုံးမသတ်ချင်လည်း အစပျိုးခဲ့မိတယ် ကမ္ဘာဟာလည်နေမြဲ
ငါ့ကိုမင်း မုန်းနေဆဲ လမ်းတဝက်မကတော့ဘူးကွယ်
ဘဝက လေးလံလွန်းတယ် ဒါကို တနေ့တော့ လက်ခံရမယ်
တခါတလေ အိပ်မပျော်တဲ့အချိန် သီချင်းဖွင့်ထားရင်
အဟောင်းတွေပြန်နိုးထ ပြန်သတိရတယ် အချစ်ဆိုတာ စွဲလန်းခြင်းဘဲ
အပြင်မှာမိုးတွေသည်းချိန် ရုပ်ရှင်ကြည့်ရင် ငါမတောင်းဆိုတော့လည်းပဲ
ခဏလေးဖြစ်ဖြစ်ကွယ် တိုက်ဆိုင်မှုတွေရှိလာတိုင်းမှာ
မင်းကို ဘာရယ်မဟုတ်ဘူး လွမ်းတယ်
ခွင့်မလွှတ်ပါနဲ့ နေရာမပေးတော့နဲ့ တကယ်ကို မလိုပါဘူး
မဖြစ်တော့ဘူး ဘာမှမထူးတော့ဘူး ငါ့ဘဝငါ့ကံပဲ သတ်မှတ်လိုက်ပါတော့မယ်
ဒါပေမဲ့ မေ့တော့မမေ့နိုင်ဘူးကွယ်
တခါတလေ အိပ်မပျော်တဲ့အချိန် သီချင်းဖွင့်ထားရင်
အဟောင်းတွေပြန်နိုးထ ပြန်သတိရတယ် အချစ်ဆိုတာ စွဲလန်းခြင်းဘဲ
အပြင်မှာမိုးတွေသည်းချိန် ရုပ်ရှင်ကြည့်ရင် ငါမတောင်းဆိုတော့လည်းပဲ
ခဏလေးဖြစ်ဖြစ်ကွယ် တိုက်ဆိုင်မှုတွေ ရှိလာတိုင်းမှာ ငါမင်းကို
တခါတလေ အိပ်မပျော်တဲ့အချိန် သီချင်းဖွင့်ထားရင်
အဟောင်းတွေပြန်နိုးထ ပြန်သတိရတယ် အချစ်ဆိုတာ စွဲလန်းခြင်းဘဲ
အပြင်မှာမိုးတွေသည်းချိန် ရုပ်ရှင်ကြည့်ရင် ငါမတောင်းဆိုတော့လည်းပဲ
ခဏလေးဖြစ်ဖြစ်ကွယ် တိုက်ဆိုင်မှုတွေရှိလာတိုင်းမှာ
ငါမင်းကို ဘာရယ်မဟုတ်ဘူး လွမ်းတယ်
ဘာရယ်မဟုတ်ဘူး လွမ်းတယ်



Credits
Writer(s): Eastern
Lyrics powered by www.musixmatch.com

Link