D A Tine Lay Pal

ဆုံးဖြတ်ချက်တွေချခဲ့ပြီးသား ဘာကိုမှထပ်လို့ မတောင်းဆိုပါ
ဟိုအရင်အတိုင်း ရှိသင့်တဲ့နေရာ ပြန်နေရစ်ဖို့ တို့အသင့်ဖြစ်နေတာ
အမှတ်တမဲ့ တွေ့ရင် လှမ်းခေါ်မှာလား ဒါဟာလဲ ဖြစ်တော့ မဖြစ်နိုင်ပါ
မလိုချင်လို့ စွန့်ပစ်ခဲ့သူမှာ ဘာနောင်တတရားမှ မရှိနိုင်တော့တဲ့ ဒီအဖြစ်က
ပြန်မလာတော့မယ့် အချစ်ကို ရင်ခွင်တံခါးဖွင့်ပြီး ငါစောင့်နေပေမယ့်
မထူးတော့တာ သိရက်နဲ့
ဒီအတိုင်းလေးပဲ ထားလိုက်ပါ ဒီအတိုင်းလေးပဲ ရှိစေတော့
ဒီအတိုင်းလေးပေါ့ ဒီအတိုင်းလေးပဲ မေ့လိုက်ပါတော့
ဒီအတိုင်းလေးပဲ ခရီးဆက်ပါ ဒီအတိုင်းလေးပဲ စွန့်ခွာတော့
ဒီအတိုင်းလေးပေါ့ ဒီအတိုင်းလေးပဲ အရင်လိုမျိုးပေါ့
မင်းပြောနေကျ ဆင်ခြေလေးအတိုင်းပေါ့

မထူးတော့တာ သိသားနဲ့

အရင်လိုမျိုးပေါ့

Credits
Writer(s): Zaw Khun
Lyrics powered by www.musixmatch.com

Link