Myin Aung Kyi Par

ငိုနေတာလား နာကျင်မှုများစွာ ခံနိုင်ရည်ကုန်ဆုံးလို့
ဒဏ်ရာများနဲ့ ဝေဝါး
ဟန်ဆောင်နေလား ပျော်နေသလိုပေါ့ကွာ
ဒီရင်မှာ ခံစားချက်တွေ ပျောက်ဆုံးလို့နေတာ
ကိုယ်သိထားတာ ဒီဘဝကြီးဟာ ညှာတာမှုကင်းမဲ့တဲ့နေရာ
လူတွေရဲ့ဟန်ဆောင်မှုနဲ့ အလိမ်အညာတွေကြားမှာ
မြင်နိုင်အောင် မြင်ကြည့်လိုက်ပါ ကိုယ်ကိုယ်တိုင်သာ အဓိကပါ
ပြိုလဲစရာဘာမှ မရှိပါ တခါလဲရင် ပြန်ပြီးထပါ
မြင်နိုင်အောင် မြင်ကြည့်လိုက်ပါ
သေချာတယ် အမှန်တရားတခုဟာ အကုန်ပြည့်စုံသူ မရှိကြပါ
လိုအပ်နေတာ အပြုံးတခုပါ မောလို့နေလား ကိုယ့်လက်ကိုတွဲ ချွေးသိပ်ဖြေပါ
ဒါကိုသတိထား အချိန် တွေတိုတောင်းလာ
လူတွေဟာ ရေပွက်တခုလို ခဏလေး ပျောက်ကွယ်မှာ
ကိုယ်သိထားတာ ဒီဘဝကြီးဟာ ညှာတာမှုကင်းမဲ့တဲ့နေရာ
လူတွေရဲ့ဟန်ဆောင်မှုနဲ့ အလိမ်အညာတွေကြားမှာ
မြင်နိုင်အောင် မြင်ကြည့်လိုက်ပါ ကိုယ် ကိုယ်တိုင်သာ အဓိကပါ
ပြိုလဲစရာဘာမှ မရှိပါ တခါလဲရင် ပြန်ပြီးထပါ
မြင်နိုင်အောင် မြင်ကြည့်လိုက်ပါ
သေချာတယ် အမှန်တရားတခုဟာ အကုန်ပြည့်စုံသူ မရှိကြပါ
လိုအပ်နေတာ အပြုံးတခုပါ



Credits
Writer(s): Zaw Khun
Lyrics powered by www.musixmatch.com

Link